G-Talk ကို Always Idle လုပ်ချင်နေသူများအတွက် ....

ကျွန်တော် အပေါ်က ပုံမှာ ပြထားသလိုပါပဲ။ G-Talk ကို မီးအ၀ါလေး လုပ်ချင်နေသူတွေအတွက် ကျွန်တော် တင်ပေးလိုက်ပါတယ်။ အရင်ဆုံး Download ချသွားလိုက်ပါ။  ကဲ..စလိုက်ကြရအောင်.... အရင်ဆုံး Download ချသွားလိုက်ပါ။ ပြီးရင် ကျွန်တော် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Download ချထားတဲ့ ဖိုင်ပေါ် Right Click ထောက် Extra Here လုပ်လိုက်ပါ။
မှတ်ချက် ။    ။ ဒါတွေကို လုပ်နေစဉ်အတွင်း မိမိ Gtalk ကိုပိတ်ထားပါ။ မိမိရဲ့ စက်မှာလည်း Winrar ရှိရပါမယ်။

UltraSurf 9.97


ကျွန်တော်ဒါလေးက နောက်ဆုံးထွက် မဟုတ်ပေမဲ့ သုံးလို့ ကောာင်းတဲ့ Version လေးပဲ တင်ပေးလိုက်ပါတယ်။ 11 ကျော်နေပါပြီ။ ထွက်နေတာက။ ဒါပေမဲ့ 97 က Connect လုပ်ရာမှာ မြန်ဆန်လို့ ဒီကောင်လေးပဲ တင်ပေးလိုက်ပါတယ်။ အားလုံးလည်း သိပြီးကြပြီး ဖြစ်မှာပါ။ သူက ကျော်ပေးတဲ့ Software လေးပါ။ ပိတ်ထားတဲ့ ဆိုက်တွေကို ကျော်ကြည့်ပေးလို့ရပါတယ်။ အောက်မှာ Download သွားပါ။

ညဏ်စမ်းမေးခွန်းလေးကိုဖြေပေးနော်...( ဟာသ )

ဟဲဟဲ....ဒီတစ်ခါ ကျွန်တော် အားလုံးကို ပျော်စေချင်ပါတယ်။ အစ်မဇာရည် ဆီက ပြန်လည် မျှဝေပေးတာပါ။  ဒါပေမဲ့ သိတဲ့သူက ချက်ချင်းသိနိုင်သလို မသိတဲ့ သူက သိသွား၇င် ပျော်စရာကောင်းပါတယ်။ ကျွန်တော် မေးပြီနော်......

“ လူတစ်ယောက်မှာ ဆိုင်ကို ၀င်သွားတယ်။ ပြီးတော့ ပြန်လည်း ထွက်လာရော... ခွေးဖြစ်သွားတယ်။။။ အဲဒါ ဘာဆိုင်လဲ ... ”

သိတဲ့သူ Comment ပေးတဲ့ နေ၇ာမှာပဲ ဖြစ်ဖြစ် C-Box မှာပဲဖြစ်ဖြစ် ဖြေပေးသွားပါ။ မသိတဲ့သူက helperaunglay@gmail.com ကို Invite လုပ်နိုင်ပါတယ်။ 

   အားလုံးပျော်ရွှင်ကြပါစေဗျာ........
   ခင်မင်လေးစားစွာဖြင့်...
အောင်ခိုင်မိုး

ActionVoip 4.08 Build 645


ကျွန်တော်ရှေ့မှာ ဒါလေးကို တင်ပေးဘူးပါတယ်။ ဒါပေမဲ့ အစ်ကိုတစ်ယောက်က အဆင်မပြေလို့ ကျွန်တော် ပြန်တင်ပေးလိုက်ပါတယ်။ ရှေ့မှာ ပြောခဲ့သလိုပါပဲ.... Action Voip က ဖုန်းခေါ်ဆိုရာမှာ ပိုက်ဆံ သက်သာပါတယ်။ လိုအပ်သူများ အောက်မှာ Download ချသွားပါ။ အပြည့်အစုံ သိချင်ရင်တော့ သူ့ရဲ့ Home Page လေးမှာ သွားပြီး လေ့လာလိုက်ပါ။ ကျွန်တော်ခု တင်ပေးမှာက Windows အတွက်ပါ။ သုံးနိုင်တဲ့ Windows တွေကတော့ Windows-7,XP,Vista တို့ပဲဖြစ်ပါတယ်။ 5.04 MB ပဲရှိပါတယ်။

Winrar v4.11 Final ( 32 + 64 BIT )

ကျွန်တော် Winrar လေး Update ထွက်လို့တင်ပေးလိုက်ပါတယ်။ Winrar ဆို လူတိုင်း သိလောက်ပါတယ်။ စက်တိုင်းမှာလည်း မရှိမဖြစ် လိုအပ်တဲ့ Software လေးလည်း ဖြစ်ပါတယ်။ အသုံး မပြုတတ်တဲ့ သူများအတွက် ကျွန်တော် Winrar အသုံးပြုနည်း လေးကို ဒီနေရာလေး မှာ ရေးပေးထားပါတယ်။ အောက်မှာ 32 နဲ့ 64 နှစ်မျိုး ခွဲပြီး တင်ပေးထား ပါတယ်။ ယူသွားလိုက်ပါ။

ဟာသလေးတွေပါ။

ကျွန်တော့်ဘလော့ဂ်ကို လာလည်တဲ့ အစ်ကိုတွေ အစ်မတွေ အားလုံး ပျော်ရွင်သွားအောင် ဟာသလေးတွေ တင်ပေးလိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ Gmail အကောင့်ဖွင့်ရအောင်...(ပြန်လည်ရှင်းပြချက်)

ကျွန်တော့်ကို အစ်ကိုတစ်ယောက်က အဆင်မပြေလို့ဆိုပြီး Mail ပို့ထားပါတယ်။ ခု ကျွန်တော် ပုံလေးတွေနဲ့ ပြန်ပြီး ရှင်းပြထားပါတယ်။ ခုတစ်လော ကျွန်တော် နည်းနည်းအားနေပါတယ်။ ဒါကြောင့် ပို့စ်တွေ နည်းနည်းပါးပါး ရေးဖြစ်တာပါ။ အရင်ဆုံး ဒီနေရာလေး ကို သွားလိုက်ပါ။ ပြီးရင် အောက်က ပုံလေး အတိုင်း ပေါ်လာပါမယ်။

Android Phone မှာ Wallpaper တွေကို Original အတိုင်းထားရအောင်.....

ကျွန်တော့်ကို ဖုန်းအကြောင်း မေးထားတဲ့ အစ်ကိုတွေ အစ်မတွေ ရှိပါတယ်။ ကျွန်တော်လည်း ခုမှ လေ့လာဆဲပဲ ရှိသေးပါတယ်။ ကိုယ်သိတာလေးတွေကိုပဲ ပြန်ပြီးတော့ တင်ပေးသွားပါမယ်။ ခုတစ်လောလည်း  အလုပ်လည်း များတာက တစ်ကြောင်း။ စာဖတ်သူတွေအတွက် အသစ်မရှိရင်လည်း အော်ကြမှာ က တစ်ကြောင်း :D နဲ့ ကြိုးစားပြီး ဖုန်းအကြောင်းလေး ရေးပေးလိုက်ပါတယ်။ ခုတစ်လော ခတ်စားလာတဲ့ Android အကြောင်းလေးပါ။ Android Phone တွေမှာ ကိုယ်ထားချင်တဲ့ Wallpaper လေးတွေကို မူလပုံစံအတိုင်း ထားတာပါ။ ဖြတ်လို့လည်း ရပါတယ်။ အောက်မှာ Download သွားပါ။

Wifi Hack Tool + Wireless Key View

ကျွန်တော့်ကို အစ်ကိုတစ်ယောက် တောင်းထားတာလေး ရှိလို့တင်ပေးလိုက်ပါတယ်။ လိုအပ်တဲ့သူကတော့ ယူထားလိုက်ပါ။ ဒါပေမဲ့.. ကိုယ်ကိုတိုင် ကိုယ်ချင်းစာပြီးတော့ လုပ်ပါ။ နာမည်ကို ကြည့်တာနဲ့တင် သိနိုင်ပါတယ်။ မရှင်းပြတော့ပါဘူး။ အောက်မှာ နှစ်မျိုးလုံး Download သွားပါ။ ကိုလုလုင်မောင်ရဲ့ လင်ခ့်ကို ပြန်ယူသုံးထားပါတယ်။ ကျွန်တော်ကိုယ်တိုင် Upload ဖို့ အချိန်မရှိလို့ပါ။

Action Voip

 ကျွန်တော် ခုလောလောဆယ်. အလုပ်တွေ အရမ်းရှုပ်နေပါတယ်။ ဘလော့ဂ်ဘက်ကို တောင် မလှည့်နိုင် သေးပါဘူး။ ဒါပေမဲ့ တောင်းထားတာတွေ များလာလို့ ကျွန်တော် အားတဲ့အခါတိုင်း အချိန် မှီအောင် တင်ပေးပါ့မယ်။ စိတ်လည်း မဆိုးဖို့ မေတ္တာရပ်ခံပရစေ..... ခု ကျွန်တော် တင်ပေးတဲ့ Action Voip လေးကတော့ ဖုန်းခေါ်ဆိုနိုင်ပေးတဲ့ ကောင်လေးပါ။ ပိုက်ဆံလည်း သိပ်မကုန်ဘူးလို့ ပြောပါတယ်။ တစ်ကယ်တော့ ကျွန်တော် မသိပါ။ တောင်းထားတဲ့ အစ်ကို တစ်ယောက်လည်း ရှိတဲ့နဲ့ တင်ပေးလိုက်ပါတယ်။

DAEMON Tools PRO Advanced v5.0



ခုတစ်လော ကျွန်တော်လည်း ဘလော့ဂ်ဘက်ကို မလှည့်ဖြစ်သေးပါဘူး။ မေးထားတာတွေကို ကျွန်တော် နောက်ပိုင်း ပြန်ဖြေပေးသွားမှာပါ။ ခု ကျွန်တော် Daemon Tools PRO Advanced လေး Update ထွက်လာ လို့ တင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့ .iso ဖိုင်တွေနဲ့ အခြား ဖိုင် Format တွေကို အလွယ်တကူ ကြည့်ပေးနိုင်ပါတယ်။ .iso ဖိုင်တွေကို ခွေနဲ့ ကူးဖို့မလိုပဲ ဒီကောင်လေး သုံးပြီးဖွင့်လိုက်ယုံနဲ့ အသုံး ပြုလို့ရပါတယ်။ လိုချင်သူများ အောက်မှာ Download ချသွားလိုက်ပါ. စမ်းချင်သူများ အောက်မှာ Download ချသွားလိုက်ပါ။

Social Network လေးပါ။


ကျွန်တော် ဟိုးတစ်ချိန်ထဲက ရေးဖို့ အားခဲထားတာ အခုမှပဲ လုပ်ဖြစ်တယ်။ အလုပ်တွေကလည်း ရှုပ်နေတာနဲ့ ဒီဘလော့ဂ်ဘက်တောင် မလှည့်ဖြစ်တော့ပါဘူး။ Question And Answer ဘလော့ဂ်လည်း ဘာမှ မလုပ်ရ သေးပါဘူုး။ မေးချင်ရင် itmanaungkhinemoe@gmail.com ကိုပဲ မေး ပို့ပေးပါ. အခု ကျွန်တော် Social Network ( Forum ) လေး ထောင်ထားပါတယ်။ လာပြီးတော့ မန်ဘာလေးတွေ ၀င်ပြီး ပို့စ်လေးတွေ ၀င်ရေးကြပါလို့ တောင်းဆိုပါတယ်။ သွားချင်ရင် ဒီနေရာလေးကို နှိပ်ပြီးတော့ သွားပါ။
ခင်မင်လေးစားစွာဖြင့်....
အောင်ခိုင်မိုး

Android Phone တွင် Super user Require ဖြစ်နေသူများအတွက်....

ဒါလေးကို အစ်မတစ်ယောက် လိုနေတယ်ဆိုလို့ တင်ပေးလိုက်ပါတယ်။ တစ်ချို့ဖုန်းတွေမှာက ဒီ Application က ပါပြီးသားဖြစ်မှာပါ။ တစ်ချို့ဖုန်းတွေကလည်း မပါပါဘူး။ မပါသေးတဲ့သူများ အောက်မှာ Download သွားလိုက်ပါ။ ကျွန်တော် တင်ပေးထားတာ နှစ်ခုရှိပါတယ်။ app နဲ့ bin နဲ့ပါ။ အရင်ဆုံး app Foloder ထဲမှာ ပါတဲ့ .apk ဖိုင်လေးကို ဖုန်းရဲ့ SD Card ထဲ ထည့်လိုက်ပါ။ ပြီးရင် Install လိုက်ပါ။ ဒါဆို အဆင်ပြေပါပြီ။

G-Talk ကို ကြယ်လေးနဲ့သုံးရအောင်....



ကျွန်တော် အပေါ်ကပုံမှာ ပြထားသလိုပါပဲ။ ကြယ်လေးနဲ့ သုံးတာပါ။ တစ်ဖက်ကလူက စာရိုက်နေရင်လည်း အပေါ်ကပုံအတိုင်းပါပဲ။

Xlisoft DVD Ripper Ultimate v6.8.0.1101


ဒါကို C-Box မှာ အစ်ကိုတစ်ယောက် တောင်းထားလို့ တင်ပေးလိုက်ပါတယ်။ ကျွန်တော်လည်း တောင်းထားတာများကို အတတ်နိုင်ဆုံး မြန်အောင် တင်ပေးပါမယ်။ ဒါကြောင့် ကိုယ်တောင်းထားတာ မတွေ့ရင် သည်းခံပါလို့ ပြောချင်ပါတယ်။ ဒီကောင်လေးက DVD ကို ဖြတ်ချင်သူများအတွက်ပါ။ တောင်းထားတဲ့ အစ်ကိုလည်း အဆင်ပြေမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီ ကောင်လေးကို RUN လိုက်ရုံနဲ့ License က Active ဖြစ်သွားပါမယ်။ ဘာမှလည်း လုပ်စရာမလိုပါဘူး။ ကိုယ် ဖြတ်ချင်တဲ့ DVD ခွေ ကို ဒါလေးသုံးပြီးဖြစ်လိုက်ပါ။ နောက်ပိုင်းလည်း သူ့ထက်ကောင်းတဲ့ DVD Ripper လေး တင်ပေးသွားပါမယ်။

AVC Ware Video Converter Ultimate 6.6.0 Build 0623


ဒါလေးကို C-Box မှာ အစ်ကိုတစ်ယောက် တောင်းထားလို့ တင်ပေးလိုက်ပါတယ်။ အခုဟာက Ultimate လေးပါ။ ဒါကြောင့် File Type တော်တော်များများကို Support လုပ်ပေးပါတယ်။ ကျွန်တော် အောက်မှာ Output file format နဲ့ Input File Format တွေကို ရေးပေးထားပါတယ်။ 

IDM ရဲ့ကြိုက်တဲ့ Version ကို Full ဖြစ်အောင်လုပ်မယ်။


ဒါကတော့ ကျွန်တော့်ကို အစ်ကိုတစ်ယောက် Mail ထဲကနေပို့လာလို့ တင်ပေးလိုက်ပါတယ်။ အခု ကျွန်တော် တင်ပေးလိုက်မယ့် Key လေးက IDM 6. .. စတဲ့ Version အားလုံးနဲ့ ဆိုင်ပါတယ်။ ဥပမာ- 6.07 , 6.08 စတဲ့ Version တွေကို Register လုပ်လို့ရပါတယ်။ ဒါဆို အားလုံးအတွက် အဆင်ပြေသွားပါပြီ။ အပေါ်ကပုံမှာ ပြထားတဲ့ အတိုင်း Serial လေးပေးထားပါတယ်။ အဆင်မပြေဘူးဆိုရင် Generate လေးနှိပ်ပြီး နောက်ထပ် Key တစ်ခု ပြောင်းလို့ရပါတယ်။ Patch အသုံးပြုချင်ရင်လည်း ကျွန်တော် လက်ကလေး နဲ့ ပြထားတဲ့နေရာကို နှိပ်ပြီး IDM.exe ကို ရွေးပေးလိုက်ပါ။ ဒါဆို Full ဖြစ်သွားပါပြီ။

Mouse Cursor များစုစည်းမှု ( 2 )


ကျွန်တော် အရင်တုန်းက လည်းတင်ပေးဖူးပါတယ်။ Mouse Cursor ကိုတော့ တော်တော်များများ စိတ်ဝင်စားကြ တယ်ထင်ပါတယ်။  အဲဒါကြောင့် ကျွန်တော် အခုနောက်ထပ် တင်ပေးလိုက်ပါတယ်။ အရင်က Glass လေးပါ။ အခုဟာကတော့ အပေါ်ကပုံအတိုင်းပါပဲ။ အရောင်တွေ တတောက်တောက်နဲ့ပါ။ အသုံးပြုနည်းကို အရင်က ပို့(စ်) မှာ ဖတ်လိုက်ပါ။

G-Talk ကို Always Idle လုပ်ချင်သူများအတွက်...


ကျွန်တော်လည်း နေမကောင်းတာ မပျောက်သေးပါဘူး။ ဒါပေမဲ့  ပို့(စ်)ကိုတော့ ရေးဖြစ်အောင် ရေးလိုက်ပါတယ်။ ကျွန်တော် ဒါလေးကို ဘလော့ဂ်တော်တော်များများမှာ တင်ထားတာ တွေ့လို့ မတင်ပေးပဲ နေတော့မလို့ပါ။ ဒါပေမဲ့ အစ်ကိုတစ်ယောက်က လိုချင်တယ်ဆိုလို့ ကျွန်တော် တင်ပေးလိုက်ပါတယ်။ ရှိပြီးသားသူများ ကလည်း ဒါကိုကျော်ဖတ်သွားပေါ့။ Idle က မီးလေး ၀ါနေတာကိုပြောတာပါ။ စက်ရှေ့မှာ မရှိဘူးဆိုတဲ့ အဓိပ်ပယ်ပါ။ အရင်ဆုံး Download ချလိုက်ပါ။ ပြီးရင် G-Talk Idle Foloder ထဲမှာပါတဲ့  ဖိုင်နှစ်ခုလုံးကို C:// Program File / Google Talk ထဲမှာ သွား Paste လိုက်ပါ။ ပြီးရင် .exe ကို ကလစ်နှစ်ချက်လောက် နှိပ်လိုက်ပါ။ ပြီးရင် Notification Area ထဲက G-Talk Icon ပေါ် Right Click ထောက်ပြီး Alway Idle ကို ရွေးပေးလိုက်ပါ။ ဒါဆို မီးလေးက ၀ါသွားပါမယ်။ ( Notification ကို မသိရင် နာရီ ဘေးနားက မြှားလေးကို ပြောတာပါ. )

Sothink SWF Quicker v5.0 + crack

ကျွန်တော် ဒီ Software လေးကိုကြိုက်ပါတယ်။ Website, Blog ရေးတဲ့သူတွေအတွက် တော်တော် အသုံးဝင်တဲ့ Software လေးပါ။ သူ့မှာ Photo တွေကို Album လုပ်လို့ရခြင်း၊ Sideshow လုပ်လို့ရခြင်း ပြီးတော့ Banner လုပ်ချင်တဲ့ သူတွေအတွက် တော်တော်ကိုကောင်းပါတယ်။ Banner လုပ်တာကတော့ သိပ်မကောင်းပါဘူး။ ဒါပေမဲ့ Button တွေကတော့ တော်တော့်ကို လန်းပါတယ်။ ပိုကောင်းတာက သူက ကိုယ်လုပ်ပြီးသား Flash ကို .exe , .swf ...etc စတဲ့ Format တွေကို ထုတ်ပေးပါတယ်။ HTML အဖြစ်လည်း ထုတ်ပေးပါတယ်။

ကြိုက်တဲ့ Program ကိုအလွယ်ဖွင့်ရအောင်


ဒါကတော့ ကျွန်တော့်ကို Mail ထဲမှာတောင်းထားလို့ တင်ပေးလိုက်ပါတယ်။ ကျွန်တော်လည်း Software တွေတင်ပေးချင်ပေမဲ့ ကျွန်တော့်ဘက်မှာ Upload Speed  ကမကောင်းတဲ့အတွက် တင်ပေးချင်တာတွေ တင်ပေးလို့မရပါဘူး။ ကျွန်တော်လည်း စာရေးတဲ့ ပို့(စ်)တွေပဲ တင်ပေးဖြစ်နေတယ်။ ဒါကလည်း ဘာမှမဟုတ်ပါဘူး။ Shortcut Key သုံးချင်သူများအတွက်ပါ။ သိတဲ့သူများလည်း ကျော်ဖတ်သွားကြပေါ့။ ကြိုက်တဲ့ Program ကို Key လေးတွေသုံးပြီးဖွင့်မှာပါ။ ကျွန်တော် G-Talk ကိုအစမ်းထားပြီးဖွင့်ပြပါမယ်။

G-Mail Accunt လွယ်လွယ်ဖွင့်ရအောင် ....( မြန်မာနိုင်ငံမှာနေတဲ့သူများအတွက်)

ကျွန်တော် ဒီပို့(စ်)ကို မြန်မာနိုင်ငံမှာ နေတဲ့သူတွေ အတွက် အဓိက ထားပြီးတော့ ရေးပေးလိုက်ပါတယ်။ ကျွန်တော့်ကို အကောင့်ဖွင့်ခိုင်းထားတဲ့ အစ်ကိုတွေ အစ်မတွေလည်းများလာလို့ပါ။ အရင်ဆုံး ဒီနေရာလေး ကို သွားလိုက်ပါ။ နေရာချင်း မတူဘူးနော်။ ပုံစံလဲ ကွဲသွားတယ်။ အရင်က http://www.mail.google.com/ နဲ့ မတူပါဘူး။ ဒါကြောင့်လည်း ဖွင့်လို့ရတာပါ။

Glisoft USB Lock v1.0


ကျွန်တော် USB ကို Lock ချတဲ့ Software တွေကို အရှေ့မှာလည်း တင်ပေးပြီးသွားပါပြီ။ အခုဟာက USB အပြင် အခြား အရာများကိုလည်း Lock ချလို့ရပါတယ်။ ပိုကောင်းတာက ကိုယ် Lock ချထားတဲ့ USB မှာ ပြန် Unlock လုပ်ဖို့ Passwords မေ့သွားရင် ပြန်ရအောင် လုပ်လို့ရပါတယ်။ ကျွန်တော် အောက်မှာလည်း ပုံတွေနဲ့ ပြထားပါတယ်။ Website ကိုပါ Lock ချလို့ရပါတယ်။  နောက်ပြီး ကျွန်တော့်ကို စာလုပ်ဖို့ ပြောတာ အစ်ကို နှစ်ယောက်တောင် ရှိသွားပါပြီ။ အစ်ကို အောင်ကျော် ( www.aungkyaw.com ) ၊ ကိုဖြိုးလေး ( www.phyoleh.blogspot.com ) တို့ပါ။ ကျွန်တော်လည်း နောက်ပိုင်း ပို့(စ်) တွေ သိပ်မရေးဖြစ်တော့ ဘူးလို့ ထင်ပါတယ်။

Virus Cleaner များစုစည်းမှု ( ၂ )


ကျွန်တော် အခု Virus Cleaner လေးတွေ တင်ပေးလိုက်ပါတယ်။ အဲ Virus Cleaner တစ်ခုစီကို သေသေချာချာ မရှင်းပြ နိုင်တာ ခွင့်လွှတ်ပါ။ ကျွန်တော်လည်း သိသလောက်လေး ရှင်းပြထားပါတယ်။ အောက်မှာ တစ်ခုချင်းစီ ရှင်းပြထားပါတယ်။ ဒါကိုတော့ အားလုံးလည်း ဆောင်ထားသင့်ပါတယ်။ ကိုယ်လည်း လိုအပ်ရင် သုံးလို့ ရအောင် ပေါ့။ 

၆။ KillVBS Virus 

ဒီ Virus ၀င်နေရင် သိရမှာက Taskmanager ထဲက Process ထဲမှာ Killvbs ဆိုပြီး ရှိနေတတ်ပါတယ်။ ပြီးရင် msconfig ရဲ့ Start up ထဲမှာလည်း Killvbs ရှိနေပါမယ်။ ပြီးရင် IE Browser နဲ့ သုံးတဲ့သူများအတွက်လည်း Anti Virus Program တွေက A နဲ့ စတဲ့ Virus ကို တစ်ချိန်လုံး သတ်နေပါမယ်။ ဒါဆို ဒီ Virus မှန်း သိသွားပါပြီ။ ဒါလေးနဲ့ ရှင်းလိုက်ပါ။

Ashampoo Snap v5.12


ကျွန်တော် Ashampoo ကထုတ်တဲ့ Snap ဖမ်းတဲ့ ကောင်လေး Update ထွက်လာလို့ တင်ပေးလိုက်ပါတယ်။ ကျွန်တော်လည်း တတ်နိုင်သလောက် Update ဖြစ်တိုင်း တင်ပေးသွားပါမယ်။ ကျွန်တော်ဘက်မှာ Upload Speed ကတော်တော်ကို ဆိုးပါတယ်။ ကွန်ကလည်း မကောင်း။ ဟင်း..... တော်တော်ဆိုးတဲ့ ကွန်နက်ရှင် .... အခုတော့ ကြိုးစားပြီး ပို့(စ်)တစ်ခု ရေးပေးလိုက်ပါတယ်။ ကျွန်တော်လည်း အခုလောလောဆယ် ဒီကောင်လေး သုံးနေပါတယ်။ ကျွန်တော်လည်း အကြိုက်ဆုံးပါ။ Full Version ရအောင်အတွက် အထဲမှာ .reg ဖိုင်လေး ပါပါတယ်။ အဲဒါကို ဖွင့်လိုက်ပါ။ ပြီးရင် yes ကိုနှိပ်လိုက်ပါ။ ပြီးရင် Ok ပေါ့။ ဒါဆို Full ရသွားပါပြီ။ လိုချင်သူများ အောက်မှာ Download ချသွားလိုက်ပါ။

Virus Cleaner များ ( ၁ )


ကျွန်တော် အခု Virus Cleaner လေးတွေ တင်ပေးလိုက်ပါတယ်။ အဲ Virus Cleaner တစ်ခုစီကို သေသေချာချာ မရှင်းပြ နိုင်တာ ခွင့်လွှတ်ပါ။ ကျွန်တော်လည်း သိသလောက်လေး ရှင်းပြထားပါတယ်။ အောက်မှာ တစ်ခုချင်းစီ ရှင်းပြထားပါတယ်။ ဒါကိုတော့ အားလုံးလည်း ဆောင်ထားသင့်ပါတယ်။ ကိုယ်လည်း လိုအပ်ရင် သုံးလို့ ရအောင် ပေါ့။ 

၁. ati2avxx_Cleaner 
ဒါလေးကို အစ်ကိုတစ်ယောက်က ဖြစ်နေတယ်ဆိုလို့ တင်ပေးလိုက်ပါတယ်။ ဒီ Virus က မိမိစက်ထဲမှာ နဂိုကတည်းက ရှိတဲ့ ပုံစံအတိုင်းလေး လုပ်ထားတာပါ။  Start >> RUN >> msconfig >> Start up ထဲမှာ ati2avxx ဆိုပြီး ရှိနေတတ်ပါတယ်။ နောက်ပြီး Foloder Option ကို ဖွင့်ကြည့်ရင် တိုင်းမှာhidden file အနေနဲ့ရှိနေလိမ့်မယ်၊Folder optionကိုဖွင့်ကြည့်လိုက်ရင် Show hidden files and folder နဲ့  hide
protect operation system file နှစ်ခုကို ဖျောက်ထားပါမယ်။ ပြီးရင် Stick ထဲကို ပြန့်သွားတတ်ပါတယ်။ ဒါဆို ဒီ Cleaner လေး သုံးပြီး ရှင်းလိုက်ပါ။ 

USB အပေါက် ပိတ်ထားမယ်။


ဒါက ကျွန်တော့်ကို အစ်ကိုတစ်ယောက် တောင်းထားတာပါ။ USB ထိုးလို့ မရအောင် လုပ်တဲ့ Software လေးပါ။ တစ်ကယ်ထိုးလို့ ရမရ ကိုယ်တိုင်တာ စမ်းကြည့်လိုက်ပါ။ အောက်မှာ DOwnload ချသွားလိုက်ပါ။

USB Secure v1.6.6 + Patch


ကျွန်တော်လည်း USB Lock ချတဲ့ Software တွေ မတင်ပေးတာ တော်တော်ကြာသွားပါပြီ။ အခု ကျွန်တော် တင်ပေးလိုက်ပါတယ်။ ဒါက သိပ်အဆင်မပြေဘူးထင်ပါတယ်။ သူက Passwords ခံထားပြီး Protect လုပ်လိုက် မယ်ဆိုရင် Foloder ထဲမှာ ဘာမှမရှိတော့ပါဘူး။ အဓိက တော့ Foloder ကို မဖျက်မိစေဖို့ပါပဲ။ လိုချင်ရင်တော့ အောက်မှာ Download ချသွားလိုက်ပါ။ Patch အသုံးပြုပုံလေးကို ကျွန်တော် အောက်မှာ ပြထားပါတယ်။

Foloder ကို Colour တွေနဲ့သုံးရအောင်


ဒါလေးက ဘာမှမဟုတ်ပါဘူး။ အလှဆင်ချင်သူတွေအတွက်ပေါ့။ ကျွန်တော် Download Link ပေးထားပါတယ်။ ဆွဲသွားပေါ့။ အပေါ်ကပုံမှာလည်း ပြထားပါတယ်။ အဲအရောင်တွေပေါ့။ ကိုယ့် ကွန်ပျူတာကို အလှဆင် လိုက်ပေါ့။ :D  လိုချင်ရင် အောက်မှာ Download ချသွားလိုက်ပါ။ သုံးတတ်မယ်လိုတော့ ကျွန်တော် ထင်ပါတယ်။ အဆင်မပြေတာာများ ရှိရင်လည်း itmanaungkhinemoe@gmail.com ကို Mail ပို့ပြီးဖြစ်စေ၊ C-BOX မှာဖြစ်စေ ပြောသွားနိုင်ပါတယ်ခင်ဗျာ .....

ရယ်စရာ၊ရွှင်စရာ ဟာသလေးတွေပါ။


ကျွန်တော် ဒီဟာသလေးတွေ စုထားရင်း လုံးလောက်ပြီထင်လို့ အခု အားလုံးပေါင်းပြီး တင်ပေးလိုက်ပါတယ်။ ကျွန်တော့်ဘလော့ဂ်ကို လာလည်တဲ့ အစ်ကိုတွေအစ်မတွေ အားလုံး ဟာသလေးတွေ ဖတ်ပြီး ပျော်ရွှင်ကြပါစေ.....

ဖြစ်ရမယ်
မျက်နှာမသာမယာဖြင့် ကိုချူချာ အိမ်ပြန်ရောက်လာသည်။
ဦးလေးဖြစ်သူက ။ ဘာဖြစ်လာတာလဲ ချူချာ
ချူချာ ။ ရေးကူးသင်တန်းက ထုတ်ခံရလို့ဗျ
ဦးလေး ။ ဘာဖြစ်လို့လဲကွ
ချူချာ ။ ရေကန်ထဲ ရှုးပေါက်မိလို့ဗျ
ဦးလေး ။ ဟေ…သူများတွေလည်း ဒီလိုပဲ မသိမသာလေး ပေါက်နေကြတာလေ
ချူချာ ။ အဟီး……ကျွန်တော်က ဒိုင်ဗင်စင်ပေါ်ကနေ တက်ပေါက်မိလို့ပါ။
…………………..
ပါတော့ ပါသွားတယ်
ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါ အလွန်စိုးရိမ် တက်သော ဆရာက
ဆရာ ။ ဘာဖြစ်လို့ ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ…..ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ

IDM is Downloading owner web page to refresh link address ဖြစ်ရင်ဘယ်လိုလုပ်မလဲ ?


ကျွန်တော် အပေါ်ကပုံမှာပြထားသလိုပါပဲ။ ဒါကို အစ်ကိုတစ်ယောက်မေးထားတာပါ။ အများစုကတော့ သိပ်မဖြစ်ပါဘူး။ CDMA နဲ့ သုံးနေတဲ့သူတွေမှာမှ ဖြစ်တာများပါတယ်။ အခု အဲဒါကို ဖြေရှင်းဖို့အတွက် သိပ်မခက်ပါဘူး။ ကဲ...... စလိုက်ရအောင်.......

ဗေဒင်လေးမေးရအောင်.....


ကျွန်တော့်ဘလော့(ဂ်) ကိုလာလည်တဲ့အစ်ကို အစ်မများအတွက် ကျွန်တော် ဗေဒင်လေးတစ်ခု တင်ပေးလိုက် ပါတယ်။ တကယ်တော့ မှန်ပါတယ်။ ဒါပေမဲ့ မြန်မာလို မဟုတ်ပါဘူး။ ကိုယ် မွေးကတည်းက အခုထိ ဘယ်နှ နှစ်နေခဲ့ပြီးပြီလဲ။ ဘယ်နှရက်နေခဲ့ပြီးပြီ လဲဆိုတာကို အတိအကျ ပြောပါတယ်။ အသက်ကို ဒသမ နဲ့ ပါပြပါတယ်။ အပေါ်က Example လေးအတိုင်း မွေးနေ့ထည့်ပါ။ ပြီးရင် Enter ခေါက်လိုက်ပါ။ မိမိစက်မှာ Microsoft Office ရှိရပါမယ်။ လိုချင်သူများ အောက်မှာ Download ချသွားလိုက်ပါ။

Rocket Dock v1.3.5 + Skin + Icon


Rocket Dock ဆိုတာနဲ့ အားလုံးသိပြီးကြပြီ ထင်ပါတယ်။ အခု ကျွန်တော် Software, Icon , Skin 3 မျိုး ထည့်ပေးထားပါတယ်။ အောက်မှာ တစ်ခုချင်းစီ တင်ပေးထားပါတယ်။ အကုန်လုံး ကျွန်တော် ကြိုက်လို့ ပြန်တင်ပေးထားတာပါ။ Rocket Dock သုံးသူများအနေနဲ့လည်း မအီအောင် Skin, Icon တွေ တင်ပေးလိုက်ပါတယ်။ အောက်မှာ တစ်ခုချင်းစီ Download ချသွားလိုက်ပါ။

CC Cleaner v3.12


ဒါ အားလုံးလဲသိပြီးကြပြီထင်ပါတယ်။ ကျွန်တော့်ကို Mail ထဲကနေ တောင်းထားတဲ့အတွက် ပြန်တင်ပေးလိုက် ပါတယ်။ သူက စက်ကို သန့်ရှင်းရေး လုပ်ပေးတာပါ။ အမှန်ကို အကုန်ခြစ်ပြီး Analyze လုပ်ပါ။ ပြီးရင် RUN Clean ပေးပြီး အကုန် Clean လိုက်ပါ။ စက်တော့ နည်းနည်းပေါ့သွားပါတယ်။ သူက FREE လေးပါ။ဘာမှ မလိုပါဘူး။ လိုချင်သူများ အောက်မှာ Download ချသွားလိုက်ပါ။

Mouse Cursor များစုစည်းမှု ( ၁ )

ကျွန်တော် အရင်ဘလော့(ဂ်) မှာလည်း တင်ပေးဘူးပါတယ်။ အခုဟာက အားလုံးထက်ပိုကောင်းတဲ့ Glass Cursor လေးတွေပါ။ အခုဘလော့(ဂ်) အသစ်မှာဆိုတော့ မသိသေးတဲ့သူရှိရင် ပြောပြပါမယ်။ Mouse Pointer က ကျွန်တော်တို့ Desktop ပေါ်က မြှားလေးကို ပြောတာပါ။ အခု အဲဒါကို ကြိုက်တဲ့ဟာပြောင်းပါမယ်။ အောက်မှာ အရင် Download ချသွားလိုက်ပါ။ 1.02 MB ပဲရှိပါတယ်။ ကျွန်တော်လည်း တတ်နိုင်သလောက် စုစုပြီး Cursor လေးတွေ တင်ပေးသွားပါမယ်။ အရင်ဆုံး ....

Game Booster Premium v 2.4.1.174


ကျွန်တော် အခုစာမေးပွဲပြီးသွားလို့ ပို့(စ်) တွေပြန်ရေးနေပါပြီ။ လာလည်တဲ့ အစ်ကိုအစ်မတွေ ဘာမှဖတ်စရာ မရှိတာ ကျွန်တော်လည်း တောင်းပန်ပါတယ်။ အခုကစပြီး အသစ်တွေနဲ့ တောင်းထားတာလေးတွေ တင်ပေးပါ့မယ်။ အရင်ဆုံး ကျွန်တော် Gamer များအတွက် Game Booster လေးတင်ပေးလိုက်ပါတယ်။ အခုဟာက Premium လေးပါ။ BETA Version တွေထက်တော့ Features တွေပိုစုံလာမှာပါ။ ကျွန်တော်တို့ Game တွေကို Game Booster Premium မှာပါတဲ့ Game Box နဲ့ ဆော့ရင် ပိုအဆင်ပြေမှာပါ။ သူ့ကို UPGRADE လုပ်ရင် အင်တာနက် ကွန်နက်ရှင် ရှိရပါမယ်။ တစ်ခါတစ်လေ အဆင်မပြေဘူးဆိုပြီး စာတန်းလေး ပေါ်လာပါတယ်။ ဒါဆို Game Booster ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။ အပေါ်ကပုံအတိုင်း PREMIUM လေးဖြစ်သွားပါပြီ။ အထဲမှာ Serial လေးပါပါတယ်။