Winrar အကြောင်း

ကျွန်တော်အခု Winrar အသုံးမပြုတတ်သေးသူများအတွက် ရေးပေးလိုက်ပါတယ်။ ကျွန်တော့်ကို အရင် Blog လေးမှာ တောင်းဆိုထားတဲ့သူလည်း ရှိသလို မသိသေးတဲ့သူများအတွက် လည်း အသုံးပြုတတ်သွားအောင်ေ၇းပေးလိုက်ပါတယ်။ အခု ကျွန်တော် ရေးပေးမှာက အသေးစိတ်မဟုတ်ပါဘူး။ လိုအပ်တဲ့အကြောင်းအရာလေးတွေကိုပဲ ရေးပေးလိုက်ပါတယ်။ Blog, Website ရေးနေတဲ့သူအတွက် ပိုအသုံးဝင်ပါတယ်။ Passwords, Comment လိုမျိုးတွေက အိမ်သုံးတွေအတွက် မလိုပါဘူး။ Website, Blog ရေးနေတဲ့သူတွေအတွက်ပါ။ သိတဲ့လူများ ဒီပို့(စ်)လေးကို ကျော်ဖတ်သွားပါ။ ကျွန်တော် HTML 5 E-Book ကို အဓိကထားပြီး ခွဲပြသွားမှာပါ။

.rar ဖိုင်တစ်ခုပြုလုပ်ခြင်း
ဒါကတော့ အားလုံးထဲမှာလုပ်ရတာ အလွယ်ဆုံးဖြစ်ပါတယ်။ အရင်ဆုံးကိုယ် .rar လုပ်ချင်တဲ့ Foloder ပေါ် Right Click ထောက်ပြီး အောက်ကပုံမှာ ပြထားတဲ့အတိုင်းလုပ်ပါ။ တော်တော်များများ Add to archive ပဲ သုံးပါတယ်။ နှစ်ခုလုံးအတူတူပါပဲ။ ကျွန်တော် Add to archive နဲ့ လုပ်ပြသွားမှာပါ။
ပြီးရင် အောက်ကပုံအတိုင်း Tab တစ်ခုပေါ်လာပါမယ်။ ဒီအတိုင်း .rar လုပ်ချင်တဲ့သူတွေအတွက် OK ကို တန်းနှိပ်လိုက်ရင် ပြီးပါပြီ။ ကျွန်တော် Winrar ကိုအသုံးပြုပြီး File ခွဲနည်း၊ဆက်နည်းကိုေ၇းပေးသွားပါမယ်။ အရင်ဆုံး File ခွဲချင်သူတွေအတွက် Split to volime, size ဆိုတဲ့စာသားရဲ့ အောက်မှာ နေရာနှစ်ခုရှိပါတယ်။ “ ဆိုဒ်ကိုရေးပါဆိုတဲ့နေရာမှာ ကိုယ်ထားချင်သလောက် ထားပေးရမှာပါ။ ကျွန်တော် လုပ်တဲ့ PDF File က 13 MB ကျော်ကျော်ရှိတာကို ကျွန်တော် တစ်ပိုင်းကို 1 MB ဆီနဲ့ ခွဲပြသွားပါမယ်။ “ဆိုဒ်ကိုေ၇းပါ” ဆိုတဲ့နေရာမှာ ကျွန်တော် 1 လို့ေ၇းပြီး B လို့ပြထားတဲ့နေရာမှာ MB ကိုရွေးပေးလိုက်ပါတယ်။ပြီးရင် Passwords ခံချင်သူများအတွက် အောက်ကအဆင့်အတိုင်း ဆက်လုပ်သွားပါ။

ပြီးရင် Passwords ထားချင်သူတွေအတွက် Advanced ဆိုတဲ့ Tabထဲကိုသွားပြီး Set Password ... ကို နှိပ်လိုက်ပါ။

ဒါဆို အောက်ကပုံအတိုင်း Tab တစ်ခုပေါ်လာပါလိမ့်မယ်။ Enter password ရယ် Reenter Password for verification ဆိုပြီးတွေ့ရမှာဖြစ်ပါတယ်။ အဲနှစ်ခုစလုံးကို တူညီတဲ့ Passwords ပေးရပါမယ်။ ကျွန်တော်က aung လို့ပေးထားပါတယ်။ Show password က ကိုယ် passwords ရိုက်တာ မသေချာရင် အမှန်ခြစ်ပြီး ပြန်ကြည့်လို့ရပါတယ်။ ပြီးရင် OK လိုက်ပါ။ Comment စာတွေေ၇းချင်ရင် အောက်မှာ ဆက်လုပ်လိုက်ပါ။
Enter a comment manually နေရာမှာ ကိုယ်ေ၇းချင်တဲ့စာတွေ ရေးပေးလိုက်ပါ။ File ခွဲသူများအနေနဲ့ ရေးဖို့မလိုပါဘူး။ ရေးရင် part.1 မှာပဲပါမှာပါ။ အခြား part မှာအပေါ်ပါဘူး။ပြီးရင် Ok လိုက်ပါ။
 
ဒါဆိုအောက်ကပုံအတိုင်းပေါ်လာပါပြီ။ဒါဆို .rar file တစ်ခုပြုလုပ်ပြီးပါပြီ။

နောက်ဆုံး Part က Size သေးသွားပါမယ်။ အားလုံး 17 ပိုင်း ထွက်လာမှာပါ။
.rar file အားဖြည်နည်း

အရင်ဆုံး ရလာတဲ့ ၁၇ ပိုင်းလုံးကို Select All ပေးပြီး Right Click ကိုနှိပ်လိုက်ပါ။ ပြီးရင် Extra here ကိုနှိပ်ပါ။ Passwords ခံထားသူများအနေနဲ့ အောက်ကအတိုင်းပေါ်လာပါမယ်။ Passwords မထားသူအတွက် တိုက်ရိုက်တန်းပြီး ဖြည်သွားမှာပါ။ 
အဲလိုမျိုးပေါ်လာရင် ခုနက ထားထားတဲ့ Password ကိုပြန်ထည့်လိုက်ပါ။ ကျွန်တော်က aung လို့ထည့်လိုက်ပါတယ်။ ပြီးရင် OK ပေါ့။ ဒါဆို အောက်ကပုံအတိုင်း ပေါ်လာပါမယ်။ Yes to all ပေးလိုက်ပါ။
ဒါဆို အောက်ကပုံအတိုင်း Foloder ( OR ) File တစ်ခုတည်း ဖြစ်လာမှာပါ။

                                 အားလုံးအဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်.....
                                                     အောင်ခိုင်မိုး
ခင်ချင်လျှင် ( helperaunglay@gmail.com ) ကို Add ပေးပါ။

0 ဦးမှတ်ချက်ပြုသွားပါသည်။:

Post a Comment

စာရေးသူအားရှိစေရန်စကားလေးတစ်ခွန်းတော့ပြောခဲ့ပေးပါ။