Virus Cleaner များစုစည်းမှု ( ၂ )


ကျွန်တော် အခု Virus Cleaner လေးတွေ တင်ပေးလိုက်ပါတယ်။ အဲ Virus Cleaner တစ်ခုစီကို သေသေချာချာ မရှင်းပြ နိုင်တာ ခွင့်လွှတ်ပါ။ ကျွန်တော်လည်း သိသလောက်လေး ရှင်းပြထားပါတယ်။ အောက်မှာ တစ်ခုချင်းစီ ရှင်းပြထားပါတယ်။ ဒါကိုတော့ အားလုံးလည်း ဆောင်ထားသင့်ပါတယ်။ ကိုယ်လည်း လိုအပ်ရင် သုံးလို့ ရအောင် ပေါ့။ 

၆။ KillVBS Virus 

ဒီ Virus ၀င်နေရင် သိရမှာက Taskmanager ထဲက Process ထဲမှာ Killvbs ဆိုပြီး ရှိနေတတ်ပါတယ်။ ပြီးရင် msconfig ရဲ့ Start up ထဲမှာလည်း Killvbs ရှိနေပါမယ်။ ပြီးရင် IE Browser နဲ့ သုံးတဲ့သူများအတွက်လည်း Anti Virus Program တွေက A နဲ့ စတဲ့ Virus ကို တစ်ချိန်လုံး သတ်နေပါမယ်။ ဒါဆို ဒီ Virus မှန်း သိသွားပါပြီ။ ဒါလေးနဲ့ ရှင်းလိုက်ပါ။
၇။ Kolay Virus 
 
 ဒီ Virus ၀င်ရင် Task Manager ထဲက Process မှာ Klay.vbs အနေနဲ့ ရှိနေမယ်။ တစ်ချိန်လုံးလဲ Run နေမယ်။ ကြာလာရင်တော့ unserinit.exe File ကို ကိုက်သွားမယ်။ ပျက်သွားရင်တော့ Welcome ဆိုတဲ့ Screen ကနေ စက်ဝင်လို့ မရတော့ပါဘူး။ ဒါဆို ဒီကောင်လေးနဲ့ ရှင်းလိုက်ပါ။

၈။ Loikaw Virus 

ဒီ Virus ၀င်ရင်တော့ Desktop ပေါ်မှာ Virus Information.txt စတဲ့ Text ဖိုင်လေးတစ်ခု ရှိနေပါမယ်။ ပြီးရင် Task Manager တွေ Registry တွေ ဖွင့်လို့မရတော့ပါဘူး။ ပြီးတော့ My Computer Icon က ပြတင်းပေါက် ပုံစံလေး ဖြစ်သွားပါမယ်။ Virus information ဖိုင်ကို ဖွင့်ကြည့်လိုက်ရင်လည်း Myanglish လို ရေးထားတဲ့ စာတွေ တွေ့ရမယ်။ ဒါဆို ဒီကောင်လေးနဲ့ ရှင်းလိုက်ပါ။

၉။ Notepad Virus 

ဒီ Virus ၀င်ရင်တော့ Start up ထဲမှာ iiii ဆိုပြီး ပေါ်နေပါလိမ့်မယ်။ ပြီးတော့ Task Manager ထဲက Process ထဲမှာ လည်း 5A986DE  ဆိုပြီး process တစ်ခု Run နေပါတယ်။  ဒါဆို ဒီ Virus ပါပဲ။

၁၀။ Svchost Virus

ဒီ Virus ၀င်ရင်တော့ Windows No Disk လို့ ERROR ပြပြီး Flash Drive တောင်းပါတယ်။ ပြီးတော့ Windows File ကလည်း သူ့အလိုလို ပွင့်လာပါတယ်။ သူက System ထဲမှာ Run နေတဲ့ Virus ဖြစ်တဲ့ အတွက် Anti Virus Program တွေနဲ့လည်း မြင်နိုင်မှာမဟုတ်ပါဘူး။ ဒါဆို ဒါလေးသုံးပြီး ရှင်းလိုက်ပါ။

 
 
 
 

အားလုံးပဲအဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ ......

0 ဦးမှတ်ချက်ပြုသွားပါသည်။:

Post a Comment

စာရေးသူအားရှိစေရန်စကားလေးတစ်ခွန်းတော့ပြောခဲ့ပေးပါ။