Virus Cleaner များ ( ၁ )


ကျွန်တော် အခု Virus Cleaner လေးတွေ တင်ပေးလိုက်ပါတယ်။ အဲ Virus Cleaner တစ်ခုစီကို သေသေချာချာ မရှင်းပြ နိုင်တာ ခွင့်လွှတ်ပါ။ ကျွန်တော်လည်း သိသလောက်လေး ရှင်းပြထားပါတယ်။ အောက်မှာ တစ်ခုချင်းစီ ရှင်းပြထားပါတယ်။ ဒါကိုတော့ အားလုံးလည်း ဆောင်ထားသင့်ပါတယ်။ ကိုယ်လည်း လိုအပ်ရင် သုံးလို့ ရအောင် ပေါ့။ 

၁. ati2avxx_Cleaner 
ဒါလေးကို အစ်ကိုတစ်ယောက်က ဖြစ်နေတယ်ဆိုလို့ တင်ပေးလိုက်ပါတယ်။ ဒီ Virus က မိမိစက်ထဲမှာ နဂိုကတည်းက ရှိတဲ့ ပုံစံအတိုင်းလေး လုပ်ထားတာပါ။  Start >> RUN >> msconfig >> Start up ထဲမှာ ati2avxx ဆိုပြီး ရှိနေတတ်ပါတယ်။ နောက်ပြီး Foloder Option ကို ဖွင့်ကြည့်ရင် တိုင်းမှာhidden file အနေနဲ့ရှိနေလိမ့်မယ်၊Folder optionကိုဖွင့်ကြည့်လိုက်ရင် Show hidden files and folder နဲ့  hide
protect operation system file နှစ်ခုကို ဖျောက်ထားပါမယ်။ ပြီးရင် Stick ထဲကို ပြန့်သွားတတ်ပါတယ်။ ဒါဆို ဒီ Cleaner လေး သုံးပြီး ရှင်းလိုက်ပါ။ 



၂. Chrome ( or ) Private_cam (or) G-talk virus
ဒီ Virus ကတော့ စက်ထဲကနေကော Memory Stick ကနေကော အများဆုံး ၀င်တတ်တဲ့ Virus ပါ။ G-Talk ဖွင့်ထားမယ်ဆိုရင်လည်း Private_cam စတဲ့ စကားလုံးတွေ ပါတဲ့ စာကို သူ့ကသူ ရိုက်နေပါလိမ့်မယ်။ ဒီ Virus ကြောင့် စက်သုံးရတာနှေးကွေးနေပါမယ်။ Windows မရှိတဲ့ Partition တိုင်းမှာ .exe ဖိုင်တွေ ပြန်ကျဲ နေပါလိမ့်မယ်။ ပြီးတော့ မူရင်းဖိုင်ကိုလည်း ဖျောက်ထားတတ်ပါတယ်။ ဒီလောက်ဆို ဒီ Virus နဲ့ ပတ်သက်တာကို နည်းနည်းတော့ သိပြီလို့ ထင်ပါတယ်။
၃. Funny Virus 
ဒီ Virus ၀င်ရင်တော့ Desktop နဲ့  My Computer ထဲမှာ Funny ဆိုပြီး Delete လုပ်လို့ မရတဲ့ Foloder တွေ ရှိနေပါလိမ့်မယ်။ ပြီးရင် C : // ထဲမှာ ရှိတဲ့ Foloder တွေ File တွေ ပျောက်နေပါလိမ့်မယ်။ ဒီ Virus က ကြောက် ဖို့တော့ ကောင်းပါတယ်။ သိတာနဲ့ အမြန်ဆုံး ရှင်းထုတ်ပါ။ မဟုတ်ရင် Windows တက်တာ ပိတ်တာ တော်တော်ကို နှေးနေမယ်။ File တွေလည်း တဖြည်းဖြည်းနဲ့ ပျက်ဆီးတာ များလာ ပါလိမ့်မယ်။ သူ့ကို ထားတာ ကြာသွားရင် hal.dll ဆိုတဲ့ File ကို ကိုက်သွားပါမယ်။ သူ့ကို ကိုက်လိုက်ရင် ဖြစ်တတ် တာက တော့ မိန်းကလေးပုံ ပေါ်လာပြီး မွေးနေ့မေးတဲ့ Program လေးပေါ်လာမယ်။ ပြီးရင် စက်က သူ့ကသူ Restart ပြန်ကျသွားမယ်။ အဲလိုမျိုးတွေ ဖြစ်တတ်ပါတယ်။
၎. Globle Virus 
ဒီ Virus ၀င်ရင်တော့ Computer တစ်ခုလုံးရဲ့ Partition တိုင်းမှာ နာမည်တူဖိုင်တွေ ရှိလာပြီး မူရင်း Foloder တွေ ပျောက်သွားပါမယ်။ နောက်ပြီး Task Manager ထဲမှာ Globle.exe/system.exe/svchesct.exe(userAccount ) နဲ့ ပေါင်းနေတတ်ပါတယ်။ ပြီးရင် msconfig ထဲက Setup မှာ keyboard ဆိုတာ ရှိနေပါတယ်။ Web Page တွေ ဖွင့်တဲ့ အခါမှာလည်း ERROR တွေ တက်လာပါမယ်။ ဒီလောက်ဆို ဒီ Virus အကြောင်း နည်းနည်းလောက်တော့ သိပြီထင်ပါတယ်။ 

၅. Iloveu Virus 
ဒီ Virus ၀င်ရင်တော့ My Computer Icon က မိန်းကလေးပုံ သူ့ကသူ ပြောင်းသွားပါတယ်။ ပြီးရင် စက်ထဲက အချို့ဖိုင်တွေမှာ I Love You TOO Much ... ဆိုပြီး ပေါ်နေပါလိမ့်မယ်။ ဒါဆို ကျွန်တော် ပေးလိုက်တဲ့ Cleaner နဲ့ ရှင်းလိုက်ပါ။ အောက်ဆုံးမှာ Download ချသွားလိုက်ပါ။

ဒီလောက်ဆို အားလုံးလဲ Virus အချို့အကြောင်း ကိုသိပြီလို့ ထင်ပါတယ်။ ကိုယ့်စက်မှာ ကျွန်တော် ပြောထား တဲ့ အကြောင်းအရာနဲ့ အားလုံးဆင်တူပြီဆို ဘာ Virus မှန်း ချက်ချင်းသိလောက်ပါတယ်။ ကျွန်တော် လည်း နောက်ပိုင်း အားရင် အားသလောက် Virus Cleaner လေးတွေ စုပြီး တင်ပေးပါမယ်။အောက်မှာ Download ချသွားလိုက်ပါ။







နောက်ပြီး အသစ်တင်တိုင်း Mail ပို့ပေးပါမည်နေရာမှာ ကိုယ့် G-Mail လိပ်စာထား၊ ဒါမှမဟုတ် မန်ဘာဝင် ခဲ့ပေးပါလို့ တောင်းဆိုအပ်ပါတယ်
  ခင်မင်လေးစားစွာဖြင့် ....
အောင်ခိုင်မိုး


0 ဦးမှတ်ချက်ပြုသွားပါသည်။:

Post a Comment

စာရေးသူအားရှိစေရန်စကားလေးတစ်ခွန်းတော့ပြောခဲ့ပေးပါ။