ကြိုက်တဲ့ Program ကိုအလွယ်ဖွင့်ရအောင်


ဒါကတော့ ကျွန်တော့်ကို Mail ထဲမှာတောင်းထားလို့ တင်ပေးလိုက်ပါတယ်။ ကျွန်တော်လည်း Software တွေတင်ပေးချင်ပေမဲ့ ကျွန်တော့်ဘက်မှာ Upload Speed  ကမကောင်းတဲ့အတွက် တင်ပေးချင်တာတွေ တင်ပေးလို့မရပါဘူး။ ကျွန်တော်လည်း စာရေးတဲ့ ပို့(စ်)တွေပဲ တင်ပေးဖြစ်နေတယ်။ ဒါကလည်း ဘာမှမဟုတ်ပါဘူး။ Shortcut Key သုံးချင်သူများအတွက်ပါ။ သိတဲ့သူများလည်း ကျော်ဖတ်သွားကြပေါ့။ ကြိုက်တဲ့ Program ကို Key လေးတွေသုံးပြီးဖွင့်မှာပါ။ ကျွန်တော် G-Talk ကိုအစမ်းထားပြီးဖွင့်ပြပါမယ်။
အရင်ဆုံး Start Menu ကိုနှိပ်လိုက်ပါ။ ဒါမှမဟုတ် ကိုယ် Shortcut key သုံးချင်တဲ့ Application  ပေါ်ကို Right Click နှိပ်လိုက်ပါ။ ပြီးရင် properties ထဲဝင်လိုက်ပါ။ အောက်ကပုံလေး အတိုင်းပေါ်လာပါလိမ့်မယ်။ Start Menu ကနေ သွားချင်တဲ့ သူတွေအတွက် အောက်ကပုံအတိုင်း သွားလိုက်ပါ။
Right Click ထောက်ပြီး Properties ထဲဝင် ဒါဆို အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်။

Shortcut Key နေရာမှာ ကိုယ်ကြိုက်သလိုထည့်ပေးလိုက်ပါ။ ကျွန်တော်ကတော့ Ctrl+Alt+A ပါ။ အဲသုံးခုကို နှိပ်လိုက်ရင် G-Talk လေးဘွားကနဲ ပေါ်လာပါမယ်။ :D

အားလုံးအဆင်ပြေကြပါစေဗျာ.....ကျေးဇူးတင်ပါတယ်။


0 ဦးမှတ်ချက်ပြုသွားပါသည်။:

Post a Comment

စာရေးသူအားရှိစေရန်စကားလေးတစ်ခွန်းတော့ပြောခဲ့ပေးပါ။