ကျွန်တော့်ဘလော့(ဂ်)တွင် Download ချနည်း

ကျွန်တော့်ကို မေးထားတဲ့ အစ်ကိုလည်း ရှိလို့ တင်ပေးလိုက်ပါတယ်။ မသိတဲ့သူများအတွက်ပါ။ သိတဲ့သူများ ကျော်ဖတ်သွားပေးပါ။ ကျွန်တော် အရင်က Download Link တွေကို www.adf.ly နဲ့ချိတ်ပေးထားပါတယ်။ ဒါပေမဲ့ တော်တော်များများက အဆင်မပြေဘူးဆိုလို့ နောက်ပိုင်း မချိတ်ပေးတော့ ပါဘူး။ Download ဆွဲရတာ မသိတဲ့သူများအတွက် ခက်ခဲသလို သိသွားတဲ့ သူများကလည်း အော် ... ဒါလေးပဲလည်း ဆိုပြီး သိသွားပါတယ်။ အခုအောက်မှာ ကျွန်တော် ပုံလေးနဲ့ ပြထားပါတယ်။ Game Booster Post ကို နမှုနာအနေနဲ့ ဖော်ပြပေးပါမယ်။

SHUTDOWN ချတဲ့အချိန်ကို သတ်မှတ်မယ်။


ကျွန်တော် အရင်ဘလော့(ဂ်) မှာလဲ Shutdown ချတဲ့ Software ကို တင်ပေးဖူးပါတယ်။ အခု ကျွန်တော် နောက်တစ်မျိုးတွေ့လို့ ထပ်တင်ပေးလိုက်ပါတယ်။ သူ့ကို Install ပြီးရင်တော့ Create Desktop Icon လို့ အမှန်ခြစ်ထားလည်း Desktop ပေါ်မှာ ပေါ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်..

မိမိကွန်ပျူတာရဲ့ Hardware ကို စစ်ကြည့်မယ်။


ဒါကတော့ မိမိကွန်ပျူတာရဲ့ Hardware ကို စစ်ကြည့်ချင်သူများအတွက် တော်တော်အသုံး ၀င်ပါတယ်။ အပေါ်ကပုံမှာပြထားသလိုပါပဲ။ ကြိုက်တဲ့ System ပိုင်းကို စစ်ကြည့်လို့ရပါတယ်။

Winrar 4.10 BETA 5



ကျွန်တော် WinRAR လေး Update ထွက်လာလို့တင်ပေးလိုက်ပါတယ်။ တော်တော်များများလည်း သိပြီးကြပြီး ဖြစ်မှာပါ။ ကျွန်တော် WinRAR နဲ့ ပတ်သက်တဲ့အကြောင်းကို ဒီနေရာလေး မှာ တင်ပေးပြီးသွား ပါပြီ။ လိုချင်သူများအောက်မှာ Download ချသွားလိုက်ပါ။

File Splitter & Joiner v3.3



ဒါကတော့ လူတိုင်း သိလောက်မှာပါ။ File ခွဲတာ၊ ပြန်ဆက်တာတွေ သုံးလို့ရတဲ့ကောင်လေးပါ။ ကျွန်တော် အပေါ်မှာလည်း ပုံလေးနဲ့ ပြထားပါတယ်။ သုံးနည်းကတော့ လွယ်လွန်းလို့ မပြောပြတော့ပါဘူး။ အခုနောက်ပိုင်း ကျွန်တော့် Blog လေးကို လာလည်တဲ့ အစ်ကိတွေ အစ်မတွေ လျှော့ကျသွားတာကို တွေ့ရပါတယ်။

အဲအတွက် ကျွန်တော်လည်း စိတ်မကောင်းပါဘူး။ အခုတော့ ကျွန်တော် Blog ကို ပြန်ဆက်ရေးသွားပါမယ်။ ဆက်လက်အားပေးကြပါလို့......
ခင်မင်လေးစားလျက်...
အောင်ခိုင်မိုး

Download Here

Monitor ကိုခွဲပစ်မယ်။


ဒါလေးက အပျော်လေးပါ။ Desktop ပေါ်မှာ မှန်ကို ဘောလုံးနဲ့ခွဲ၊ အပေါက်ဖြစ်အောင်ဖောက်၊ အောက်ခံပါ ပေါ်အောင် ဘောလုံးကို ကန်ပစ်တာပါ။ လျှပ်တစ်ပြက် ကြည့်တဲ့လူ ကတော့ တော်တော်လန့်သွားမှာပါ။ ဘောလုံးကန်ချင်ရင် အောက်မှာ Download သွားပါ။ 

Windows 7 Themes

ကျွန်တော်လည်း Theme တွေမတင်တာ တော်တော်ကို ကြာသွားပါပြီ။ အခုတော့ ကျွန်တော် အချိန်ရတုန်းလေး Theme နှစ်ခု တင်ပေးလိုက်ပါတယ်။ နောက်ပိုင်း ကျွန်တော် ရလာတာနဲ့ ပြန်တင် ပေးပါမယ်။ အောက်မှာ Download ချသွားလိုက်ပါ။ အားလုံးပေါင်း 15 MB ကျော်ကျော် ရှိပါတယ်။ လိုချင်သူများ Download လိုက်ပါ။


Internet Download Manager 6.08 BETA 1


ကျွန်တော် IDM လေး Update ထွက်လာလို့တင်ပေးလိုက်ပါတယ်။ ထွက်တာတော့ တော်တော်ကြာသွားပါပြီ။ ကျွန်တော်လည်း Blog Hack ခံရတာနဲ့ ဘာမှမလုပ်ဖြစ်လိုက်ပါဘူး။ အခုတော့ ကျွန်တော့်ကို တောင်းထားတာ မှတ်မိသလောက်ပဲ ပြန်ဖြေပေးပါတော့မယ်။ အောက်မှာ Download ချသွားလိုက်ပါ။ 

Pfingo

ဒါကိုတော့ လူတိုင်းသိကြပြီးထင်ပါတယ်။ ကျွန်တော့်ကို တောင်းထားတဲ့အစ်ကိုတစ်ယောက်လည်း ရှိတာနဲ့ အဆင်ပြေအောင် တင်ပေးလိုက်ပါတယ်။ ကျွန်တော် Out Plugin ပါ ထည့်ပေးလိုက်ပါတယ်။ လိုအပ်ရင် သုံးလို့ရအောင်လို့ပါ။ အောက်မှာ Download ချသွားလိုက်ပါ။ အပိုင်း ( ) ပိုင်းရှိပါတယ်။ တစ်ပိုင်းကို 1 MB ဆီနဲ့ ပိုင်းပါ။ File ပြန်ဆက်နည်းကို ကျွန်တော် Winrar အကြောင်း ဆိုတဲ့ Post မှာ ရေးပေးထားပါတယ်။ အားလုံးအဆင်ပြေကြပါစေ။



အားလုံးအဆင်ပြေကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ.....

HTML & Css အကြောင်းလေ့လာရအောင်....


ကျွန်တော်လည်း ဒီပို့(စ်)လေးကို ရေးမယ်ကြံရင်းနဲ့ Acc က Hack ခံရပါတယ်။ ကျွန်တော်အားလုံးကို တစ်ခုသတိပေးချင်ပါတယ်။ G-Talk ကို သုံးမယ်ဆိုရင် Instant Messanger တွေနဲ့မသုံးပါနဲ့။ အထူးသဖြင့် www.karoolark.com ပါ။ မယုံရင် စမ်းကြည့်ပါ။ ကျွန်တော်တော့ အကောင့်သုံးခုနဲ့စမ်းတာ သုံးခုလုံး ၁နာရီ အတွင်းပါသွားတယ်။ အခုမြန်မာနိုင်ငံမှာလည်း G-Mail Account တွေပြန် ဖွင့်လို့ရပြီထင်ပါတယ်။ ကျွန်တော်တော့ ၁၀ခုဖွင့်လည်း ၁၀ခုလုံးပွင့်နေတာပါပဲ။ G-Mail Account အသစ်ဖွင့်ချင်သူများ itmanaungkhinemoe@gmail.com ကို Mail ပို့နိုင်ပါတယ်။ ကျွန်တော်အခုတင်ပေးမဲ့ E-Book က HTML, CSS လေ့လာနေတဲ့လူတွေအတွက်ပါ။

နောက်ထပ် HTML 5 ကိုလေ့လာချင်နေတဲ့သူတွေအတွက် ကျွန်တော် နောက်ပို့(စ်)မှာ တင်ပေးသွားမှာပါ။ စာအုပ်ကို သေသေချာချာဖတ်ပြီးလေ့လာလိုက်ပါ။ ကျွန်တော် HTML ကို စာအုပ်လေးတွေဖတ်ပြီး နည်းနည်းပါးပါးသိသွားတာပါ။ Css ကတော့ လေ့လာဆဲပါ။ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ။


အားလုံးပဲအဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ.....

Winrar အကြောင်း

ကျွန်တော်အခု Winrar အသုံးမပြုတတ်သေးသူများအတွက် ရေးပေးလိုက်ပါတယ်။ ကျွန်တော့်ကို အရင် Blog လေးမှာ တောင်းဆိုထားတဲ့သူလည်း ရှိသလို မသိသေးတဲ့သူများအတွက် လည်း အသုံးပြုတတ်သွားအောင်ေ၇းပေးလိုက်ပါတယ်။ အခု ကျွန်တော် ရေးပေးမှာက အသေးစိတ်မဟုတ်ပါဘူး။ လိုအပ်တဲ့အကြောင်းအရာလေးတွေကိုပဲ ရေးပေးလိုက်ပါတယ်။ Blog, Website ရေးနေတဲ့သူအတွက် ပိုအသုံးဝင်ပါတယ်။ Passwords, Comment လိုမျိုးတွေက အိမ်သုံးတွေအတွက် မလိုပါဘူး။ Website, Blog ရေးနေတဲ့သူတွေအတွက်ပါ။ သိတဲ့လူများ ဒီပို့(စ်)လေးကို ကျော်ဖတ်သွားပါ။ ကျွန်တော် HTML 5 E-Book ကို အဓိကထားပြီး ခွဲပြသွားမှာပါ။

.rar ဖိုင်တစ်ခုပြုလုပ်ခြင်း
ဒါကတော့ အားလုံးထဲမှာလုပ်ရတာ အလွယ်ဆုံးဖြစ်ပါတယ်။ အရင်ဆုံးကိုယ် .rar လုပ်ချင်တဲ့ Foloder ပေါ် Right Click ထောက်ပြီး အောက်ကပုံမှာ ပြထားတဲ့အတိုင်းလုပ်ပါ။ တော်တော်များများ Add to archive ပဲ သုံးပါတယ်။ နှစ်ခုလုံးအတူတူပါပဲ။ ကျွန်တော် Add to archive နဲ့ လုပ်ပြသွားမှာပါ။
ပြီးရင် အောက်ကပုံအတိုင်း Tab တစ်ခုပေါ်လာပါမယ်။ ဒီအတိုင်း .rar လုပ်ချင်တဲ့သူတွေအတွက် OK ကို တန်းနှိပ်လိုက်ရင် ပြီးပါပြီ။ ကျွန်တော် Winrar ကိုအသုံးပြုပြီး File ခွဲနည်း၊ဆက်နည်းကိုေ၇းပေးသွားပါမယ်။ အရင်ဆုံး File ခွဲချင်သူတွေအတွက် Split to volime, size ဆိုတဲ့စာသားရဲ့ အောက်မှာ နေရာနှစ်ခုရှိပါတယ်။ “ ဆိုဒ်ကိုရေးပါဆိုတဲ့နေရာမှာ ကိုယ်ထားချင်သလောက် ထားပေးရမှာပါ။ ကျွန်တော် လုပ်တဲ့ PDF File က 13 MB ကျော်ကျော်ရှိတာကို ကျွန်တော် တစ်ပိုင်းကို 1 MB ဆီနဲ့ ခွဲပြသွားပါမယ်။ “ဆိုဒ်ကိုေ၇းပါ” ဆိုတဲ့နေရာမှာ ကျွန်တော် 1 လို့ေ၇းပြီး B လို့ပြထားတဲ့နေရာမှာ MB ကိုရွေးပေးလိုက်ပါတယ်။ပြီးရင် Passwords ခံချင်သူများအတွက် အောက်ကအဆင့်အတိုင်း ဆက်လုပ်သွားပါ။

ပြီးရင် Passwords ထားချင်သူတွေအတွက် Advanced ဆိုတဲ့ Tabထဲကိုသွားပြီး Set Password ... ကို နှိပ်လိုက်ပါ။

ဒါဆို အောက်ကပုံအတိုင်း Tab တစ်ခုပေါ်လာပါလိမ့်မယ်။ Enter password ရယ် Reenter Password for verification ဆိုပြီးတွေ့ရမှာဖြစ်ပါတယ်။ အဲနှစ်ခုစလုံးကို တူညီတဲ့ Passwords ပေးရပါမယ်။ ကျွန်တော်က aung လို့ပေးထားပါတယ်။ Show password က ကိုယ် passwords ရိုက်တာ မသေချာရင် အမှန်ခြစ်ပြီး ပြန်ကြည့်လို့ရပါတယ်။ ပြီးရင် OK လိုက်ပါ။ Comment စာတွေေ၇းချင်ရင် အောက်မှာ ဆက်လုပ်လိုက်ပါ။
Enter a comment manually နေရာမှာ ကိုယ်ေ၇းချင်တဲ့စာတွေ ရေးပေးလိုက်ပါ။ File ခွဲသူများအနေနဲ့ ရေးဖို့မလိုပါဘူး။ ရေးရင် part.1 မှာပဲပါမှာပါ။ အခြား part မှာအပေါ်ပါဘူး။ပြီးရင် Ok လိုက်ပါ။
 
ဒါဆိုအောက်ကပုံအတိုင်းပေါ်လာပါပြီ။ဒါဆို .rar file တစ်ခုပြုလုပ်ပြီးပါပြီ။

နောက်ဆုံး Part က Size သေးသွားပါမယ်။ အားလုံး 17 ပိုင်း ထွက်လာမှာပါ။
.rar file အားဖြည်နည်း

အရင်ဆုံး ရလာတဲ့ ၁၇ ပိုင်းလုံးကို Select All ပေးပြီး Right Click ကိုနှိပ်လိုက်ပါ။ ပြီးရင် Extra here ကိုနှိပ်ပါ။ Passwords ခံထားသူများအနေနဲ့ အောက်ကအတိုင်းပေါ်လာပါမယ်။ Passwords မထားသူအတွက် တိုက်ရိုက်တန်းပြီး ဖြည်သွားမှာပါ။ 
အဲလိုမျိုးပေါ်လာရင် ခုနက ထားထားတဲ့ Password ကိုပြန်ထည့်လိုက်ပါ။ ကျွန်တော်က aung လို့ထည့်လိုက်ပါတယ်။ ပြီးရင် OK ပေါ့။ ဒါဆို အောက်ကပုံအတိုင်း ပေါ်လာပါမယ်။ Yes to all ပေးလိုက်ပါ။
ဒါဆို အောက်ကပုံအတိုင်း Foloder ( OR ) File တစ်ခုတည်း ဖြစ်လာမှာပါ။

                                 အားလုံးအဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်.....
                                                     အောင်ခိုင်မိုး
ခင်ချင်လျှင် ( helperaunglay@gmail.com ) ကို Add ပေးပါ။

ဒီ Blog လေးမှာဆက်ရေးသွားပါမည်။

ကျွန်တော့်ရဲ့ အရင် Blog Hack ခံရပါတယ်။ အဲတော့ ကျွန်တော် တော်တော်လေး ခေါင်းခြောက်သွားပါတယ်။ အဲတော့ ကျွန်တော် Blog အသစ်ထပ်ရေးဖို့ စဉ်းစားထားပါတယ်။ ကျွန်တော့်ကို တောင်းထားတာလေးတွေကို ကျွန်တော် ဒီနေရာမှာ ဆက်လက်ဖြေပေးသွားပါမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
အောင်ခိုင်မိုး